ပဲခူး ၃၁ ဒီဇင်ဘာ
ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာအုပ်စုအတွင်း ကွင်းဆင်းစမ်းသပ် စစ်ဆေးချက်အရ ခွဲစိတ်ရန်လိုအပ်သော မျက်စိအတွင်းတိမ် ဝေဒနာရှင်များအား ယနေ့ နံနက် ၉ နာရီက အခမဲ့ခွဲစိတ်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာ အုပ်စုအတွင်း မျက်စိနှင့် ပတ်သက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ရာတွင် မျက်စိဝေဒနာရှင်ပေါင်း ၂၁၅ ဦးအား အသေးစိတ် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အကြီးစာ ခွဲစိတ်ကုသရန် လိုအပ်သည့် အတွင်းတိမ် ဝေဒနာရှင် ၆၉ ဦးနှင့် မျက်သားတက်လူနာ (၃၂)ဦးတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိသည့် မျက်စိဝေဒနာရှင်များအနက်မှ ခွဲစိတ်ကုသရန် လိုအပ်သည့် အတွင်းတိမ်ဝေဒနာရှင် (၆၉)ဦးနှင့် မျက်သားတက်လူနာ (၃၂)ဦးတို့အား အခမဲ့ခွဲစိတ်ကုသမှု ပြုလုပ်ပေးခြင်း၊ ခွဲစိတ်ပြီး လူနာများအား မျက်စဉ်းခတ်ပေးခြင်း၊ မျက်မှန်တပ်ပေးခြင်း၊ မျက်စိကျန်းမာရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)