ကျောက်ကြီး၊  ၂၀   ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးသည် ဇန်နဝါရီ ၂၀ ရက် မွန်းတည့်  ၁၂ နာရီတွင် တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ပုံလယ်ကျေးရွာအုပ်စု ကျွဲခြံကျေးရွာရှိ KNU ကရင်အမျိုးသားအစည်းအရုံး ဆက်ဆံရေးရုံး၌ မြို့နယ်အတွင်းရှိ ဝေးလံသော တောင်ပေါ်ဒေသရှိ တိုင်းရင်းသား ဒေသခံများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက ကျောက်ကြီးမြို့နယ်အတွင်းရှိ ဝေးလံသော တောင်ပေါ်ဒေသရှိ ဒေသခံပြည်သူများအတွက် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း နေထိုင် စားသောက်ရသည့် အခက်အခဲများနှင့် ဆောင်တွင်းကာလ အေးချမ်းသည့် ရာသီဥတုဒဏ်ကို ကာကွယ်နိုင်ရန် အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ၊ စောင်၊ လူကြီးဝတ်အင်္ကျီ၊ ကလေးဝတ်အင်္ကျီနှင့် အနွေးထည်များ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျောက်ကြီးမြို့နယ် ကရင်အမျိုးသားအစည်းအရုံး ဆက်ဆံရေးရုံးမှ တစ်ဆင့် ကရင်လူမှုရေးရာ ကော်မတီဝင်များထံ ပေးအပ်ထောက်ပံ့သည်။

 

လှူဒါန်းပွဲသို့ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကရင်အမျိုးသားအစည်းအရုံး ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ စောသိုးမားနှင့် တာဝန်ရှိသူများ၊ ကရင်လူမှုရေးရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)