ကျောက်ကြီး       ဇွန်       ၂၈

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြို့နယ်ရှိ တိုက်ပွဲရှောင် ဒေသခံပြည်သူများအား ဇွန် ၂၇ ရက် ညနေပိုင်းက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

အဆိုပါ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးနှင့် တိုက်ပွဲရှောင် ပြည်သူ အိမ်ထောင်စု ၂၇ စု၊ လူဦးရေ ၇၉ ဦးတို့ ရွှေ့ပြောင်းနေထိုင်ရာ ဆွေမျိုးသားချင်း နေအိမ်များသို့ လိုက်လံထောက်ပံ့ခဲ့ကြသည်။

 

ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများမှာ  Hygiene Parcel ဖာ ၂၀၊ ခြင်ထောင် အခု ၂၀၊ စောင် အထည် ၂၀၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် ဌာနဝန်ထမ်းများက ဘောင်းဘီ ၅၂ ထည်၊ CDD အင်ကျီ ၅၄ ထည်၊ အပေါ်ဖုံး အင်္ကျီ အထည် ၅၀၊ ကလေးဝတ်အင်္ကျီ ၅၆ ထည်၊ မြို့နယ် ဌာနဆိုင်ရာ ရုံးများနှင့် ဒေသခံပြည်သူများက ထောက်ပံ့လှူဒါန်းသည့် အမျိုးသားဝတ်အင်္ကျီ၊ အမျိုးသမီးဝတ် အင်္ကျီ၊ ပုဆိုးနှင့် လုံချည်များဖြစ်ကြောင်း သိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)