ကျောက်ကြီး၊ ဧပြီ ၃၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကို ယနေ့ နံနက် ၇ နာရီတွင် ကျောက်ကြီးမြို့အဝင် လမ်းတလျှောက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မတော်သားများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ၀န်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်သန့်ရှင်းသာယာလှပရေး၊ ပူပြင်းခြောက်သွေ့သောနွေရာသီကာလတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ ပတ်၀န်းကျင် စိမ်းလန်းစိုပြေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောက်ကြီးမြို့အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ်မှ မြို့အဝင်လမ်းတစ်လျှောက် အမှိုက်ကောက်ခြင်း၊ တံမြက်စည်းလှည်းခြင်း၊ သစ်ပင်သစ်ကိုင်းများ၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကာ အဆိုပါဆောင်ရွက်မှုအား လူထုလှုပ်ရှားမှုတရပ်အနေဖြင့် အပတ်စဥ် စနေနေ့တိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
(မြို့နယ်ပြန်/ဆက်)