ကျောက်မဲ ဧပြီ ၂၆

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် နွေရာသီအခြေခံပန်းချီသင်တန်းကို ဧပြီ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲကစ၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပန်းချီသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ လေ့လာသင်ယူမှု အစဉ်ဖြစ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်း ရှင်းလင်းပြောကြားပြီး ပန်းချီဆရာမ ဒေါ်နှင်းစက်ငုဝါက ပန်းချီအခြေခံ သဘောတရားအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းသို့ ကျောက်မဲမြို့နယ်မှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ ၃၂ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ ၂၅ ရက်မှ မေ ၂၅ ရက်ထိ အခမဲ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ပါကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)