ကျောက်မဲ ၁၃ ဇူလိုင် 

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လားရှိုးတက္ကသိုလ် ကြက်ခြေနီအသင်းခွဲ၊ ကျောက်မဲမြို့နယ် ကြက်ခြေနီအသင်းခွဲတို့နှင့် Football United( University of New South Wales)တို့ ပူးပေါင်းအကောင်အထည်ဖေါ်ဆောင်ရွက်သည့် ဘောလုံးအားကစားအခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်နှင့် ရပ်ရွာလူထု ဘောလုံးနည်းပြ သင်တန်းဆင်းပွဲကို ဇူလိုင် ၁၂ ရက် မွန်းလွဲ ၂ နာရီက အထက(၂) ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ကျောက်မဲမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးကျော်အောင်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များကို သင်တန်းသားတစ်ဦးထံသို့ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းတွင် ဘောလုံးအားကစား၏ အခြေခံကျွမ်းကျင်မှု နည်းစနစ်များကို ဇူလိုင် ၁၀ ရက်မှ ၁၂ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး ကျောက်မဲမြို့ရှိ ကြက်ခြေနီ အသင်းခွဲမှ တပ်ဖွဲ့ဝင်များ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ ကျောက်မဲမြို့နယ် လက်ရွေးစင် ဘောလုံးအားကစားသမားများ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၅၃ ဦး တက်ရောက်ခဲ့ကြကြောင်း ကျောက်မဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။

 

MDN

 

 DSC041