ကျောက်မဲ ၂၂ ဇူလိုင် 

 


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သင်တန်းခန်းမတွင် ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီက လူထုအတွင်း ၂ နှစ်အောက်ကလေးငယ်များ အစာကျွေးမွေး စောင့်ရှောက်ခြင်းနှင့် နှစ်သိမ့်ဆွေးနွေးခြင်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းတွင် ပြည်နယ်ကျန်းမာရေးဦးစီးဌာန (လားရှိုး)မှ ဒေါက်တာရန်နိုင်အောင်၊ ဒေါက်တာ နန်းဟွမ်ခမ်းတို့က ကျောက်မဲမြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်း (၅၀)ဦးတို့အား ဇူလိုင် ၂၆ ရက်အထိ  စာတွေ့လက်တွေ့ သင်ခန်းစာများ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျောက်မဲခရိုင် (ပြန်/ဆက်)