ကျောက်မဲ ဇူလိုင် ၁၅

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ အခြေခံပညာ အထက်တန်းကျောင်း (အထက- ၁) သီရိရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်သည်။

 

ဟောပြောပွဲတွင် ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုဦးက အမှာစကား ပြောကြားပြီး ဦးစီးအရာရှိ ဦးဉာဏ်မြင့်ထွန်းက မီးဘေး ကြိုတင်ကာကွယ်ရေး ရှောင်ရန်/ဆောင်ရန်များကို ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူး ဦးကိုကိုဦးက မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ တိုင်ကြားနိုင်ရေးအတွက် “191 Application” ကို လက်ကိုင်ဖုန်းများတွင် ထည့်သွင်းအသုံးပြုကြရန် လှုံ့ဆော်ပြောကြားပြီး ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ၏ အသုံးဝင်ပုံကို ရှင်းလင်းပြသသည်။

 

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းဝင်းအတွင်း၌ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ ရေစိုဝတ်(စောင်)ဖြင့် အောက်ဆီဂျင် ဖြတ်တောက်ငြှိမ်းသတ်နည်း အဆင့်ဆင့်တို့ကို လက်တွေ့သရုပ်ပြသကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)