ကျောက်မဲ  ၁၈   အောက်တိုဘာ

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ ဈေးဓမ္မာရုံကြီး၌ သီတင်းကျွတ် လပြည့်ကျော် ၇ ရက်နေ့တွင် ၁၀၉ ကြိမ်မြောက် ဆွမ်းတော်ကြီးကပ်ပွဲတော်ကို ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာ ၂၁ ရက် သီတင်းကျွတ်လပြည့်ကျော် ၈ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကျောက်မဲမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ၃၇ ကျောင်းမှ ပင့်သံဃာ ၁၆၀၃ ပါးတို့ကို ကျောက်မဲမြို့ပေါ်ရပ်ကွက်အတွင်းရှိ စေတနာရှင် အလှူရှင်များကစုပေါင်း၍ မြို့လုံးကျွတ် သံဃာ့ဒါနစာရေးတံသပိတ် လောင်းလှူပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

သိန်းထွန်းအောင်