ကျောက်မဲ၊ ၂ ဇန်နဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ဇန်နဝါရီ ၁ ရက် ညပိုင်းက နေအိမ် အိပ်ခန်းအတွင်း မီးလောင်မှုကြောင့် အသက် ၇၀ နှစ်ရှိ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
ဖြစ်စဉ်မှာ ကျောက်မဲမြို့၊ အမှတ် ၇ ရပ်ကွက်၊ နယ်မြေ ၁ အတွင်းရှိ ဦးသန်းဝင်း နေအိမ်တွင် မီးလောင်မှု သတင်းအရ ခရိုင်မီးသတ်ဦးစီးဌာနက သွားရောက်မီးငြှိမ်းသတ်ပေးခဲ့ရကြောင်း၊ မီးလောင်မှုကြောင့် အိပ်ခန်းအတွင်းရှိ မွေ့ရာများ မီးလောင်ကျွမ်းနေပြီး အမျိုးသားတစ်ဦးမှာ ကုတင်ဘေးတွင် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။
မီးလောင်မှုနှင့် ပတ်သက်၍ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)