ကျောက်မဲ  ၁၁   အောက်တိုဘာ

 

ကျောက်မဲမြို့၊ အမှတ် ၂ ရပ်ကွက် ၊ ရန်ကင်းရပ်ရှိ  ရန်ကင်းဓမ္မာရုံကြီး၌ သီတင်းကျွတ်လပြည့် ကျော် ၁ ရက်နေ့တွင်  ၅၉ ကြိမ်မြောက် ဝါကျွတ်ဆွမ်းတော်ကြီးကပ်ပွဲတော်ကို ကျင်းပသွားမည်ဖြစ်ပြီး  သီတင်းကျွတ် လပြည့်ကျော် ၂ ရက်နေ့တွင် ရန်အောင်မြေစေတီတော်၌ ကျောက်မဲမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၃၇ ကျောင်းမှ ပင့်သံဃာ ၃၅၀ ပါးတို့ကို မြို့ပေါ်နှင့်ရပ်ကွက်အတွင်းရှိ စေတနာရှင် ၊ အလှူရှင်များက ၄၃ ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းသပိတ် လောင်းလှူပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သိန်းထွန်းအောင်