ကျောက်မဲ  ၂၄  အောက်တိုဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ  နားပြိန်း ကျေးရွာအုပ်စု၊ နာပြိန်းကျေးရွာ မီးလင်းရေးဆောင်ရွက်ပေးလျှက်ရှိရာ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့်  ယမန်နေ့ကစ၍ နားပြိန်းကျေးရွာ မီးလင်းပြီ ဖြစ်ကြောင်း သိရသည်။

 

mdn

 

အဆိုပါ နားပြိန်းကျေးရွာ လျှပ်စစ်ဓါတ်အားရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေဖြင့်  ၂၀၂၀ ခုနှစ်၊ မတ်လ ၁ ရင်နေ့မှ စတင်၍ တင်နာအောင်မြင်ခဲ့သော ဟိန်းထက်စွမ်း ကုမ္မဏီမှ ၁၁ ကေဗွီ ဓါတ်အားလိုင်း ၃ ဒဿမ ၅ မိုင်၊ ၁၁ / ဝ ဒဿမ ၄ ကေဗွီ ၁၀ဝ ကေဗွီအေ ခွဲရုံ ၁ ရုံနှင့် ၄၀ဝ ဗို့ဓါတ်အားလိုင်း ၁ ဒဿမ ၂ မိုင် တို့ကို တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်သည်။

 

နားပြိန်းကျေးရွာရှိ အိမ်ခြေ ၉၇ အိမ်အနက် ၉၅ အိမ် မီးလင်းပြီဖြစ်သောကြောင့် ရွာလုံးကျွတ်နီးပါး မီးလင်းပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လျှပ်စစ်မီးစတင်ရရှိသည့် နားပြိန်းကျေးရွာရှိ ပြည်သူများ လျှပ်စစ်ကို အန္တရာယ်ကင်းစွာ အသုံးပြုတတ် စေရေးအတွက်အသိပညာ ပေးဆွေးနွေးခြင်းများကိုလည်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ တာဝန်ရှိသူများက  ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မိုင်းထွန်း (ပြန်/ဆက်)