ကျောက်မဲ ဖေဖော်ဝါရီ ၈

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း စတင်ဖွင့်လှစ်ခဲ့သည်။   

 

သင်တန်းဖွင့်ပွဲတွင် ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးစိုးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဒေါ်ချိုဝင်းလှိုင်က သင်တန်းကိုဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ 

 

ယင်းနောက်ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲဝင် ဦးသန့်ဇော်ဝင်းက သင်းတန်းသား/သူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

 

အဆိုပါသင်တန်းတွင် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊  ဆပ်ပြာခဲနှင့် လက်သန့်ဆေးရည် အမျိုးမျိုးပြုလုပ်နည်း အဆင့်ဆင့်ကို  စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် ဖေဖော်ဝါရီ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ သင်တန်းကာလ (၅) ရက်ကြာ အခမဲ့  သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊  အဆိုပါသင်တန်းသို့ ဒေသခံပြည်သူ ၂၀ ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်း  သိရသည်။

 

မိုင်းထွန်း (ပြန်/ဆက်)