တောင်ကြီး ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဖေဖော်ဝါရီ ၁၆ ရက်က ရှမ်းပြည်နယ် သမဝါယမ ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ မြို့နယ်သမ ဝါယမဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက် သွားကြရန် မှာကြားသည်။
ဆက်လက်ပြီး ကျောက်မဲ မြို့နယ်ရှိ သမဝါယမဦးစီးဌာန စီမံခန့်ခွဲမှုရ ပြည်သူပိုင်သိမ်း အဆောက်အအုံ အခြေအနေနှင့် ရွက်နုကုန်ထုတ်လုပ်ငန်း သမဝါယမအသင်း လီမိတက်မှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး အသင်းမှလိုအပ်လျက်ရှိသည့် ငွေကြေးအရင်းအနှီးများ ရရှိစေရေးနှင့် အသင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ သမဝါယမအသင်း အဆင့်ဆင့်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝိုးတောင်း


