ကျောက်မဲ ၁၈ စက်တင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)‌ ကျောက်မဲမြို့‌နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင် တစ်လလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ ၃ လအတွက် ငွေကျပ် ၃၀၀၀၀ ကို တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။ 

ကျောက်မဲမြို့ပေါ် ရပ်ကွက်အတွင်းတွင် အသက်(၈၅)နှစ်အထက် လူမှုရေးပင်စင် ပေးအပ်ရသည့် သက်ကြီးဘိုးဘွားပေါင်း ၁၉၈ ဦး၊ ကျေးရွာများတွင် ဘိုးဘွားပေါင်း  ၂၆၈ ဦး တစ်မြို့နယ်လုံး သက်ကြီးဘိုးဘွား စုစုပေါင်း  ၄၄၆ ဦးရှိကြောင်း သိရသည်။

ကျောက်မဲမြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့ကြပြီး ကျေးရွာအုပ်စုရှိ သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများကတစ်ဆင့် ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

မိုင်းထွန်း(ပြန်/ဆက်)