ကျောက်မဲ ၃၀ သြဂုတ်
ရှမ်းပြည်နယ်(မြောက်ပိုင်)၊ ကျောက်မဲမြို့နယ် တအာင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ၄၆ နှစ်မြောက် တအာင်းစာပေနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် တက္ကသိုလ်ဝင်တန်းအောင် တအာင်းကျောင်းသား/ သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အောင်မြေသာယာကျေးရွာ မြို့နယ် တအာင်း စာပေနှင့် ယဉ်ကျေးမှုကော်မတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နမ့်ဆန်တအာင်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီနာယက ဦးအုန်းခိုင်၊ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးကျော်ဝင်းတို့က အမှာစကားပြောကြားပေးခဲ့ပြီး ၂၀၁၈ ခုနှစ် ၄၆ နှစ်မြောက် တအာင်းစာပေနေ့ အခမ်းအနားသို့ မြန်မာနိုင်ငံ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးစော လွင်မှပေးပို့သော သဝဏ်လွှာကို ကျောက်မဲမြို့နယ် တအာင်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်အုန်းက ဖတ်ကြားသည်။ ထို့နောက် တအာင်းစာပေနေ့ ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းကို မိုင်း အောင်မျိုးသန့်က ဖတ်ကြားပေးခဲ့သည်။
ယင်းနောက် ၂၀၁၈ ခုနှစ် တအာင်းစာပေသင်တန်းတွင် ထူးချွန်ဆုရရှိသူများ နှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာစစ်ဌာနအသီးသီးမှ အောင်မြင်ခဲ့ကြသော ၄ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၂၁ ဦး၊ ရိုးရိုးအောင် ၅၃ ဦး စုစုပေါင်း ကျောင်းသား/သူ ဦးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင် ပြန်/ဆက်