ကျောက်မဲ   ၁၄   မေ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ကျေးရွာအုပ်စု၊ ပန်ဟိုက်ကျေးရွာတွင် မေ ၁၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်းတစ်ကျောင်း၊ လူနေအိမ် (၇) လုံးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးစိုင်းထွန်းဉာဏ်၊ ဦးစိုင်းထွန်းဝင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးသိန်းဝင်းထွဋ်တို့က မေ ၁၂ ရက် မွန်းလွဲ ၂ နာရီက အဆိုပါကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

အမိုးလန် ပျက်စီးခဲ့သည့်  ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်း ဝယ်ယူရန် ငွေကျပ် ၉၀ဝ၀ဝ၊ လူနေအိမ် (၇) လုံးအတွက် အိမ်ဆောက် ပစ္စည်းဝယ်ယူရန် ငွေကျပ် ၆၀၃၀ဝ၀၊  အိမ်ထောင်စု ၇ စုမှ လူဦးရေ ၃၄ ဦးတို့အတွက် စားနပ်ရိက္ခာငွေကျပ် ၇၁၄၀ဝ စုစုပေါင်းထောက်ပံ့ငွေကျပ် ၇၆၄၄၀ဝ တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)