ကျောက်မဲ အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ နယ် မိုင်းတင်းကျေးရွာအုပ်စု မိုင်းတင်း ကျေးရွာ နှင့်ပိန်းခါးကျေးရွာ တိုက်ပွဲရှောင် စခန်းများသို့ ရောက်ရှိနေသော နေရပ်စွန့်ခွာ တိုက်ပွဲရှောင် ၁၈၄ ဦးထံသို့ကျောက်မဲမြို့ အောင်မင်္ဂလာ ကျန်းမာရေးစောင့်ရှောက်မှု ပရဟိတအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဦး ခေါင်းဆောင်သည့်အဖွဲ့ဝင် ၁၇ ဦးကယနေ့ သွားရောက်၍ အခမဲ့ဆေးဝါးကုသပေးကြသည်။

အဆိုပါ တိုက်ပွဲရှောင်များအား ဒေါက်တာသိန်းဇော်၊ ဒေါက်တာစိုင်းလွင်ဦး နှင့်သူနာပြုများ၊ ပရဟိတ အသင်းဝင်များက ကျန်းမာရေး စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပေးပြီး လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

၂၁၀