နေပြည်တော် ၂၂ အောက်တိုဘာ
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဂုတ်တွင်းလမ်းပိုင်း မိုင်တိုင် (၈၄/၂-၃)ကြား လမ်းကွေ့အဆင်း၌ အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်က မော်တော်ယာဉ် ၁ စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောက်ဆည်မြို့နယ်၊ ပုန်းညက်ကျေးရွာနေ မိုးဝင်း (၃၅)နှစ် မောင်းနှင်သည့် 3L/xxxx Mitsubishi Fuso ယာဉ်သည် အပ်ချုပ်စက် တင်နာအရည် (၂၉)တန်ခန့် တင်ဆောင်၍ ကျောက်မဲမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းအတိုင်း မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက်ခဲ့သဖြင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့၍ ရဲတပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးဝင်းအား နောင်ချိုမြို့မရဲစခန်းမှ အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား