ကျောက်မဲ၊   ၂၁   ဇွန်

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ကျောက်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထိန်နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသည့် သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၂၀ ရက်က အမှတ် (၁) စစ်ဆင်ရေးကွပ်ကွပ်မှုဌာနချုပ် လက်အောက်ခံတပ်ရင်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များ အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လည်းကောင်း၊ ပိန္နဲကုန်းကျေးရွာ အုပ်စုရှိ ပြည်သူများအတွက် ပိန္နဲကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း နိုင်ငံစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

၎င်းကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသူများကို အသစ် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လျှောက်စေခြင်း၊ အိမ်ထောင်စုအသစ်များပြုလုပ်ပေးခြင်း၊ မွေးတိုးများကို ဖြည့်သွင်းပေးခြင်း၊ သေဆုံးသူများကို အိမ်ထောင်စုစာရင်းမှ ဖျက်ပေးခြင်းနှင့် သိရသည်။

 

ကျောက်မဲမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက် စတင်သည့် မေ ၃ ရက်နေ့မှစ၍ ဇွန် ၂၀ ရက်အထိ  လူဦးရေ ၅၆၂  ဦးအတွက် အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်၊ လူဦးရေ ၃၃၅ ဦး အတွက် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ် ရေးကတ်အသစ်ထုတ်ပေးခြင်း၊ လူဦးရေ ၂၀၀ အတွက် အသက် ၁၀ နှစ်ပြည့်မှ အသက် ၁၈ နှစ်ပြည့် ကတ်လဲလှယ်ပေးခြင်းနှင့် လူဦးရေ ၁၁၇ ဦးအတွက် ကတ်ပြားပျောက်ဆုံး/ပျက်စီးအတွက် အစားထိုးထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီးကြောင်း ဆက်လက်၍လည်း ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းထိန်၏ ပြောပြချက်အရ သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)

mdn