ကျောက်မဲ ဇူလိုင် ၁၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် ဇူလိုင် ၁၂ ရက် တစ်နေ့တည်းတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြု လူနာ ၅၁ ဦးရှိကြောင်း  သိရသည်။

 

ကျောက်မဲမြု့နယ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်သူ ၁၀၅ ဦး၏ တို့ဖတ်နမူနာများကို ရယူ၍ လားရှိုးဓါတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးရာမှ ၎င်းတို့အထဲမှ ကိုဗစ်ပိုးတွေ့သူ ၅၀ ဦး၊ ကျောက်မဲဆေးရုံ၌ အရေးပေါ်လူနာ ဦးကို RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်ပိုးတွေ့သူ ဦး စုစုပေါင်း ၅၁ ဦးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ပိုးတွေ့လူနာများသည် ကျောက်မဲရဲစခန်းရှိ အချုပ်ခန်းမှအချုပ်သား ၁၄ ဦး၊ ကျောက်မဲမြို့ပေါ်ရပ်ကွက်မှ ၁၈ ဦးနှင့် နောင်ပိန်ကျေးရွာမှ ၁၉ ဦးဖြစ်ကြောင်း သိရသည်။

 

ကျောက်မဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအတွင်း ဇွန် ၂၂ ရက်မှစ၍ ဇူလိုင် ၁၂ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၁၉၇ ဦး၊ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူ ၅၃ ဦး၊ သေဆုံးသူ ဦးရှိပြီဖြစ်ပြီး ဆေးရုံ၌ ပြင်းထန်ဝေဒနာခံစားရသူ ဦးရှိကြောင်း သိရသည်။

 

အဆိုပါ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်သူများ၏ တို့ဖတ်နမူနာများကို ဇူလိုင် ၁၄ ရက်တွင် ရယူ၍ လားရှိုးမြို့ ဓါတ်ခွဲဌာနသို့ ထပ်မံပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)