ကျောက်မဲ  ၂  ဇူလိုင်

     

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့‌ရှိ ဗဟိုဈေးကြီး၊ မင်္ဂလာဈေးနှင့် ဘူတာပျံကျဈေးတို့ကို ဇူလိုင် ၃ ရက်မှစ၍ ရက်သတ္တပတ် နှစ်ပတ်ကြာ ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ကျောက်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိ ၏ပြောပြချက်အရသိရသည်။

   

ကျောက်မဲမြို့ ဗဟိုဈေးအတွင်း၌ ဈေးရောင်းချနေသည့် ဈေးသည် တစ်ဦးအပါအဝင် ကျောက်မဲမြို့နယ်၌  ဇွန် ၂၂ ရက်မှ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၆၀  ရှိ‌‌လာပြီ ဖြစ်ရာ ပြည်သူများအကြား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကျောက်မဲမြို့ပေါ်ရှိ ဈေး ၃ ဈေးကို နှစ်ပတ်ကြာ ယာယီပိတ်သွားမည်ဖြစ်ပြီး အမှတ် ၈ ရပ်ကွက်ရှိ အခွန်လွတ်ဈေးကိုသာ ကျန်းမာရေး လမ်းညွှန်များနှင့်အညီ ဖွင့်ခွင့်ပြုသွားမည်ဖြစ်‌ကြောင်းသိရသည်။

     

ထို့အပြင် ကျောက်မဲမြို့‌ပေါ်ရှိ စားသောက်ဆိုင်များကိုလည်း ဇူလိုင် ၃ ရက်မှစပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)