ကျောက်မဲ   ၅   မေ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးကို အထောက်အကူ ပြုစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက် (၉) နာရီမှစ၍ ကျွဲကုန်း ကျေးရွာ၊ စခန်းသာကျေးရွာနှင့် နောင်ပိန်ကျေးရွာရှိ  ဒေသခံပြည်သူများအား မိမိတို့အိမ်ခြံဝင်းအတွင်း ဟင်းသီး ဟင်းရွက်များ တစ်ပိုင်တစ်နိုင်( Home Garden) စိုက်ပျိုးရန်အတွက် မျိုးစေ့များကို အခမဲ့ အိမ်တိုင်ယာရောက် ဖြန့်ဝေပေးလျှက်ရှိကြောင်း သိရသည်။

 

0096

 

အဆိုပါ မျိုးစေ့များ ဖြန့်ဝေပေးခြင်းနှင့် ပတ်သက်ပြီး ကျောက်မဲမြို့နယ် ၊ စိုက်ပျိုးရေးဦးစီးဌာန ၊မြို့နယ် ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က  “ ကျွန်မတို့အနေနဲ့ Covid-19 ရောဂါ ကာလအတွင်း ဒေသခံတွေ နေအိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးစားသောက်နိုင်ဖို့  ပဲတောင့်ရှည်၊ မုန်ညှင်းစိမ်း၊ ဝက်မုံညှင်း၊ ဇွန်မုံညှင်း၊ မုန့်ညှင်းဖြူ၊ နံနံပင်၊ ရုံးပတီသီး၊ သခွားသီး ၊ ဘူးသီး၊ ဖရုံသီး ၊ ချဉ်ပေါင်အစရှိသည့် ဟင်းသီး ဟင်းရွက် (၁၈) မျိုး၏ မျိုးစေ့များကို မြို့ပေါ်ရပ်ကွက်နဲ့ အနီးအနားက ကျေးရွာပြည်သူများအား အခမဲ့ လက်ဝယ်အရောက် ဖြန့်ဝေပေးသွားမှာဖြစ်တဲ့အပြင် ဖြန့်ဝေတဲ့အချိန်မှာ မရရှိလိုက်တဲ့ ပြည်သူများ အနေနဲ့ စိုက်ပျိုးရေးရုံးကို လာရောက်ဆက်သွယ် စုံစမ်းရယူနိုင်ပါတယ် ” ဟုပြောကြားခဲ့ပါသည်။

 

000999

 

စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ     ကိုဗစ်-၁၉ ကာလအတွင်း လူစုလူဝေးရှောင်ကြဉ်နိုင်စေရန်၊ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်များကို တစ်ပိုင်တစ်နိုင် (Home Garden)အနေဖြင့် စိုက်ပျိုးစားသုံးနိုင်ရန်ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာနေပြည်သူလူထုနှင့် ဝန်ထမ်းများသို့ ဟင်းသီးဟင်းရွက် မျိုးစေ့အထုပ် (၂၀ဝ၀) ဖြန့်ဝေပေး ကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)

 

100