ကျောက်မဲ ၁၁ မတ်
လက်ဖက်သီးနှံ GAP (၁၀၀၀) ဧက စံပြစိုက်ခင်း တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ မှတ်တမ်းစာအုပ်နှင့် သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက ကျောက်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကျေးရွာအသီးသီးမှ တောင်သူများအား သဘာဝမြေဩဇာနှင့် ပံ့ပိုးပစ္စည်းများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) နည်းပညာ သင်တန်းကို စိုက်ပျိုးရေးပညာရှင်များက ဆက်လက်ပို့ချခဲ့ကြောင်း သိရသည်။
မြင့်အောင်(ပြန်/ဆက်)