ကျောက်မဲ  ၂၇  စက်တင်ဘာ

 

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စက်တင်ဘာ ၂၆ ရက် ည ၇  နာရီ မိနစ် ၂၀ အချိန်ခန့်က နေအိမ်တိုက်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ ကျောက်မဲမြို့ အမှတ် ၃ ရပ်ကွက် နယ်မြေ ၃ အောင်ဆန်းလမ်းနှင့် ရွှေဖီဉီးလမ်းထောင့်ရှိ ရွှေလျန်းခေါက်ဆွဲဆိုင်၏ အပေါ်ထပ် လူနေအိမ်ခန်းအတွင်း မီးအားမြှင့်စက်နှင့်ပန်ကာတွဲလျက်ထားသည့် နေရာမှ အပူလွန်ကဲ၍ ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး အပေါ်ထပ်ရှိ နေအိမ်အခန်း ၂ ခန်းကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ ကျောက်မဲခရိုင် မီးသတ်ဉီးစီးမှူး ဉီးစီးသော မီးသတ်တပ်ဖွဲ့ဝင်အင်အား ၄၀ ၊ မီးငြိမ်းသတ်ယာဉ် ၄ စီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြသန်း ၊ မြို့မရဲစခန်းမှူး ဒုရဲမှူးဟန်ဝင်းလှိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၇ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

 

MDN