ကျောက်မဲ ၉ ဖေဖော်ဝါရီ
၂၀၂၀ ပြည့်နှစ် Exercise is Medicine အစီအစဉ်နှင့် ဆေးလိပ်ကင်းစင် ရှမ်းပြည်တစ်ခွင် အစီအစဉ်အရ ကျင်းပသည့် မြို့နယ် အားကစားနှင့် ကာယာပညာကော်မတီ ဉက္ကဋ္ဌဖလား ကျောင်းအခြေပြု မီနီမာရသွန် အပြေးပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီက ကျောက်မဲမြို့တွင် ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၄၂၀ ဦးကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့မှ စတင်တာလွှတ်၍ ကျောက်မဲခရိုင် အားကစားကွင်းတွင် ပန်းဝင်ခဲ့သည်။ ပြိုင်ပွဲတွင် အစောဆုံး ပန်းဝင်သူ အမျိုးသား (၂၀)ဦး၊ အမျိုးသမီး (၂၀)ဦးတို့ကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ပြီး ပန်းဝင်သူများကို အမှတ်တရအင်္ကျီတစ်ထည်စီ ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


