ကျောက်မဲ၊ ၁၉ မေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခြင်း၊ တောင်ကျရေများ စီးဆင်းတို့ကြောင့် အမှတ်(၈)ရပ်ကွက် အောင်ဆန်းလမ်းမတစ်လျှောက်နှင့် မြေနှိမ့်ပိုင်းရှိ လမ်းမများတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး နေအိမ်တချို့အတွင်းသို့ ရေဝင်ခြင်းများ ဖြစ်ပွားခဲ့သည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့်  အမှတ်(၈) ရပ်ကွက်အတွင်းရှိ မြို့နယ် အားကစားကွင်း နှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ အုတ်တံတိုင်း အချို့ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)

mdn