ကျောက်ဖြူ ၁၇ ဧပြီ
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်ဖြူ အကျဉ်းထောင်ရှိ အကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၁၈၀ ယနေ့၊နံနက်ပိုင်းမှ စတင်ကာ လွတ်ငြိမ်းခွင့် ပေးလျက်ရှိပါသည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာပေးရာတွင် ကျောက်ဖြူမြို့မှ ၄၀ ၊ ရမ်းဗြဲမြို့နယ်မှ (၁၁) ဦး၊ မာန်အောင် မြို့နယ်မှ ၁၀ဦး၊ တောင်ကုတ်၊ပြည်၊ ဧရာဝတီမှ (၁၁)ဦး၊ အမ်း၊ မကွေး၊ ကျောက်မဲ၊ ရေနံချောင်းမှ ၃၀ ၊ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး တို့မှ(၇၇) ဦး၊ ဘင်္ဂလားဒေ့နိုင်ငံသား(၁)ဦး စုစုပေါင်း ၁၈၀ တို့ကို လွတ်ငြိမ်းခွင့်ရခဲ့ကြောင်း သိရသည်။

ကျောက်ဖြူ အကျဉ်းထောင်ရှေ့တွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးတို့က ကြီးကြပ်ကာ ဒေသအသီးသီးသို့ ပြန်ကြရမည့် အကျဉ်းသား/သူများအား အဆင်ပြေစေရန်အတွက် မော်တော်ယာဉ်များ၊ ရေယာဉ်များဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)