ကျောက်ဖြူ  ၁၀  အောက်တိုဘာ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ကုသနေသူများအနက် ရောဂါပျောက်ကင်းသူ ၁၆ ဦးအား ယနေ့ မွန်းလွဲ ၁၁ နာရီက ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူ ၁၆ ဦးအား သမားတော်နှင့် သူနာပြုဆရာမများက ကျန်းမာရေးဆိုင်ရာ လိုက်နာရန် အချက်များ၊ မိမိနေအိမ်တွင် ၇ ရက် အသွားအလာကန့်သတ်၍ သီးသန့်နေထိုင်ရန်တို့ကို မှာကြားပြီး ဆေးရုံဆင်း လက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။

ကျောက်ဖြူမြို့တွင် ဩဂုတ် ၂၅ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၆၇ ဦးရှိပြီး ဆေးရုံဆင့်ခွင့်ရရှိသူ စုစုပေါင်း ၂၂၀ ဦးအထိရှိပြီဖြစ်၍ ဆေးရုံတွင် ၄၇ ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း ခရိုင်ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ဖြိုးဝေလင်း(ခရိုင်ပြန်/ဆက်)