ကျောက်ဖြူ   ၂၉  ဇွန်

 

ကျောက်ဖြူမြို့၊ ဦးဥတ္တမပန်းခြံအနီးရှိ ပင်လယ်ကမ်းစပ်တွင် ငါးဖမ်းပိုက်ချနေစဉ် ရေနစ်သေဆုံး သူ လူငယ်တစ်ဦး၏ ရုပ်အလောင်းအား ယနေ့၊ နံနက်(၇)ခွဲအချိန်က ကျောက်ဖြူမြို့၏(၂)မိုင်ခန့်အကွာ ဂုံးချွိန်အုပ်စု၊ ပင်လယ်နားကျေးရွာရှိ နတ်ကျောက်အနီး ပင်လယ်ပြင်တွင် တွေ့ရှိခဲ့ရာ ခရိုင်မီးသတ် စခန်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်းဆယ်ယူခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇွန် ၂၇ ရက် ညနေပိုင်းတွင် ကျောက်ဖြူမြို့၊ ဦးဥတ္တမပန်းခြံအနီးရှိ ပင်လယ် ကမ်းစပ် တွင် ငါးဖမ်းပိုက်ချနေစဉ် ပင်လယ်ရေစီးအားသန်မှုကြောင့် ရေစီးဖြင့်မျောပါသွားကာ ရေနစ်သေ ဆုံးသူ မောင်မျိုးလင်းကျော် (၁၈)နှစ် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက် နေသူ၏ရုပ်အလောင်းအား ဇွန်လ(၂၉)ရက်တွင် ကျောက်ဖြူမြို့၏ အနောက်ဘက်(၂)မိုင်ခန့်အကွာ ဂုံးချွိန် အုပ်စု၊ ပင်လယ်နား ကျေးရွာရှိ နတ်ကျောက်အနီး ပင်လယ်ပြင်တွင်ပေါ်လာကြောင်းသတင်းအရ ခရိုင်/မြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူများ၊ လေးဝတီကုလရက္ခိတပရဟိတအသင်း၊ ကျောက်ဖြူ လူငယ် အသင်းအဖွဲ့ တို့ပူးပေါင်းကာ ဆယ်ယူခဲ့ကြသည်။

 

သေဆုံးသူမှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲ သေဆုံးလျှက်တွေ့ရှိရသဖြင့် ကျောက်ဖြူ ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဓမ္မာတာအတိုင်းသေဆုံးရခြင်း ဟုတ်/မဟုတ်ကို စုံစမ်းစစ်ဆေးမှုပြုလုပ်ကာ  ရဲအုပ် ကျော်ကျော်လင်းမှတရားလိုပြုတိုင်းတန်းလျက်ရှိကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

 

ဖြိုးဝေလင်း(ပြန်/ဆက်)