ကျောက်ဖြူ ဇူလိုင် ၁၃

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဒေသခံပြည်သူများအား ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ကြက်ဥများအား ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

 

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများက ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ နာရီစင်ကွင်း၌ ဓညဝတီရေတပ်စခန်းဌာနချုပ်မှ မြို့ပေါ်ရပ်ကွက်များရှိ  ဒေသခံပြည်သူများအား ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ကြက်ဥများကို  ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။

 


တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)