ကျောက်ဖြူ၊ ၂၃ ဇွန်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း MASK များ အခမဲ့ဖြန့်ဝေခြင်းကို ဇွန် ၂၂ ရက် နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ မြို့မကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ‌ဆောင်ရန်၊ ရှောင်ရန်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထားသည့် လိုက်နာရမည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အဆိုပါ ဝန်ထမ်းများသည် ကျောင်းတက်ရန်လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ပါးစပ်နှာခေါင်းစည်း MASK အခုရေ ၂၀၀ ကျော်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း

mdn