စစ်တွေ ၇ မေ

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (စစ်တွေ)မှ ကျောက်ဖြူမြို့နယ်တွင်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေဖြင့် လူချေတောင်ရင်း-ကျွန်းချောင်-စပါးထားလမ်းနှင့်  မော်ကြီး-ကြောင်တင်-မအူတော-ဝါးတော-လိပ်ပြင်ဒွိန်-ငစိမ့်ပြင်-မော်ကြီး ကျွန်းပတ်လမ်းတို့ကို ဆက်သွယ်ပေးမည့် ဒီရေတော (ဝ/၆)မိုင်အား (၆)ပေထု မြေဖို့ခြင်းလမ်းလုပ်ငန်းအား ခွင့်ပြုငွေကျပ် (၁၀၉-၅၀၅)သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုမေလအတွင်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ “ဒီရေတော(ဝ/၆)မိုင်၊ အကျယ်(၂၆)ပေ၊ အမြင့်(၆)ပေ မြေဖို့ခြင်းလမ်း လုပ်ငန်းအား ဆောင်ရွက်ပေးနိုင်ခဲ့၍ ယခင်ကရေလမ်းခရီးကိုသာ အားကိုးအားထားပြုနေရသည့် မော်ကြီးကျွန်းပေါ်ရှိ ဒေသခံပြည်သူများအနေဖြင့် မော်ကြီး-ကြောင်တင်-မအူတော-ဝါးတော လိပ်ပြင်ဒွိန်- ငစိမ့်ပြင်-မော်ကြီးကျွန်းပတ်လမ်းမှတစ်ဆင့် ဒီရေတောလမ်း၊ လူချေတောင်ရင်း- ကျွန်းချောင်-စပါးထား လမ်းတို့ကိုဖြတ်ကာ ကျောက်ဖြူမြို့သို့ လျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ပြီး မော်ကြီးကျွန်းပေါ်ရှိ ကျေးရွာပေါင်း(၉)ရွာ၊ အိမ်ထောင်စု(၅၈၆)စုနှင့် လူဦးရေ(၂၇၀၅)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း” သိရသည်။

 

ဝေယံလင်း(ပြန်/ဆက်)