ကျောက်ဖြူ    မတ်    ၁၈

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများနှင့် Grade – 9 စာမေးပွဲ တတိယနေ့ကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောင်းသား ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်း ၂၄၆ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ငါးကျောင်းနှင့် လေ့ကျင့်ရေးကျောင်း တစ်ကျောင်း စုစုပေါင်း ၂၅၂ ကျောင်းရှိပြီး အခြေခံပညာ ကျောင်းများတွင် နှစ်ဆုံးစာမေးပွဲများကို ကျောင်းသား ကျောင်းသူများက အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)