ကျောက်ဖြူ နိုဝင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများအား နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမဆောင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထ အသုတ်အဖြစ် (ပထမအကြိမ်)ဆက်လက်ထိုးနှံပေးခဲ့သည်။
ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ်စုရပ် နေရာအသီးသီး၌ ထိုးနှံပေးလျက်ရှိပြီး နိုဝင်ဘာ ၁၅ ရက်အထိ ပထမအသုတ်တွင် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ ၅၃၁၉ ဦး၊ ဒုတိယအသုတ်တွင် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ ၁၆၁၂၇ ဦးနှင့် တတိယအသုတ်တွင် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ ၄၅၆၂ ဦး စုစုပေါင်း ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသည့်ပြည်သူ ၂၆၀၀၈ ဦးရှိပြီဖြစ်ကာ နိုဝင်ဘာ ၁၆ ရက်မှစ၍ အသက် ၁၈ နှစ်အထက် ကာကွယ်ဆေး မထိုးရသေးသူများအား စတုတ္ထအသုတ်(ပထမအကြိမ်) ၂၄၈၇ ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)


