ကျောက်ဖြူ  စက်တင်ဘာ  ၂၀

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယနေ့  မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိဈေးများနှင့် လမ်းဆုံလမ်းခွနေရာ များသို့သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ အသိပေးနှိုးဆော်ရာတွင် ယခုအခါ ကျောက်ဖြူမြို့နယ်အတွင်းတွင် ၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်မှ စက်တင်ဘာ ၁၉ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများမှာ နေ့စဉ်နှင့်အမျှရှိနေပြီး သေဆုံး သူ ၅၅ ဉီးအထိရှိနေပြီဖြစ်၍ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မဖြစ်ပေါ် စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေအိမ်ပြင်ပ သို့ထွက်ခွာလျှင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ် ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ စသည့်လက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနသို့အမြန်ဆုံးသွား‌ရောက် ပြသကြရန်လိုအပ်ကြောင်း စသည့် လိုက်နာရမည့်စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ဈေးများနှင့် လမ်းဆုံလမ်းခွနေရာများသို့သွားရောက်၍ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

 

တင်ထွန်းဦး(ပြန်/ဆက်)