ကျောက်ဖြူ ဩဂုတ် ၂၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကုတင် ၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့်တက်ရောက် ဆေးကုသမှုခံယူနေသူများအနက် ရောဂါသက်သာ ပျောက်ကင်း သူ ၈ ဦးအား ယနေ့၊ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၉၈ ဦးရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။
ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ Fever Cornerနှင့် ဇင်ချောင်း/စနဲ တိုက်နယ်ဆေးရုံများသို့ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ် စသည့် ကိုဗစ်-၁၉ သံသယရောဂါလက္ခဏာဖြင့် လာရောက်ပြသသူများ၊ ရောဂါကူးစက်ခံရသူတို့နှင့် ထိတွေ့ ဆက်စပ်သူများနှင့် Stay at Home ဒေသများမှပြန်လည်ရောက်ရှိ လာသူများအား Quarantine Cnter ထားရှိပြီး (RDT) Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၇ ဦးတွေ့ရှိခဲ့သည်။ ၎င်းတို့မှာ တိုးချဲ့ရပ်ကွက် ကျား ၂ ဦး၊ မ ၁ ဦး၊ တောင်ရင်းရပ်ကွက်မှ ကျား ၁ ဦး၊ ငလပွေ့ရပ်ကွက်မှ ကျား ၁ ဦး၊ ကလန်ကြမ်းအုပ်စု ကျား ၂ ဦးတို့ဖြစ်ပြီး၊ ကိုဗစ်-၁၉ ရောဂါလက္ခဏာမပြပဲ သက်သာပျောက်ကင်းသူစုစုပေါင်း ၈ ဦးတို့အား မိမိနေအိမ်တွင် (Stay at Home) ခုနစ်ရက် အသွားအလာ ကန့်သတ်ကာ သီးသန့်နေထိုင်ရမည် ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာလမ်းညွှန် ချက်များကို တိကျစွာလိုက်နာကြရန် သမားတော်နှင့် တာဝန်ကျသူနာပြုဆရာမတို့က မှာကြားပြီး ဆေးရုံဆင်း လက်မှတ်ပေးအပ်ခဲ့သည်။ ဆေးရုံဆင်းခွင့် ရရှိသူများအား ကျောက်ဖြူမြို့ရှိ ပရဟိတအဖွဲ့များက နေအိမ်သို့ အသီးသီးပြန်လည်ပို့ဆောင်ပေးခဲ့ကြသည်။
ဖြိုးဝေလင်း၊တင်ထွန်းဦး(ပြန်/ဆက်)


