ကျောက်ဖြူ ဇူလိုင် ၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ဇင်ချောင်းကျေးရွာအုပ်စု၊ ကုန်ဘွေကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးနှစ်ဦးမှာ ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းက အနံ့မရသဖြင့် ဇင်းချောင်းတိုက်နယ်ဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်းသိရသည်။
အဆိုပါ ပိုးတွေ့ရှိသူနှစ်ဦးအား ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံးကြီးရှိ ကိုဗစ်-၁၉ အထူး ကြပ်မတ်ဆောင်တွင် ဆေးကုသမှုပေးလျက်ရှိကာ ၎င်းတို့၏မိသားစုဝင်များ နေအိမ်တွင် အသွားအလာ ကန့်သတ် ၁၁ ရက်ထားရှိပြီး လူနာနှင့်ထိတွေ့ခဲ့သည့် စာရင်းများအား မေးမြန်းစုံစမ်းလျက်ရှိကြောင်း ကျန်းမာရေးဌာနမှသိရသည်။
ဖြိုးထွန်း(ပြန်/ဆက်)


