ကျောက်ဖြူ ဒီဇင်ဘာ  ၁၇

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေသူများ၏ အသက် ၂ နှစ်အောက် ကလေးငယ်များအား ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေးထိုးနှံခြင်းကို ဒီဇင်ဘာ ၁၆ ရက်နေ့က ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဆိုပါ ခိုလှုံရာစခန်းသို့သွားရောက်၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ရာတွင် ဆေးထိုးရန်လာရောက်သူများ အတွက် တစ်ဦးနှင့်တစ်ဦးအား သတ်မှတ်ကွာအဝေးနေရာများ ထားရှိပေးခြင်း၊ နှာခေါင်းစည်းမပါရှိသူ များအား နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခြင်းနှင့် လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်းများ ပြုလုပ်ပေးပြီး ကာကွယ်ဆေးထိုးနှံခြင်းများကို စနစ်တကျဆောင်ရွက်ပေးခဲ့သည်။

 

ကျောက်ဖြူမြို့နယ်တွင် အဆိုပါ ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးအား ဒီဇင်ဘာ ၁၆ ရက်နေ့က ကျောက်တစ်လုံး ခိုလှုံရာစခန်းမှ အသက် ၂ နှစ်အောက်ကလေးငယ် ၂၄ ဦးကို ထိုးနှံပေးခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)