ကျောက်ဖြူ ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်ဆိုင်ရာ အကြုံပြုချက်အပေါ် လူငယ်အခန်းကဏ္ဍမြှင့်တင်ရေး အစီအစဉ်အရ ဒေသအဆင့် ရာသီဥတုပြောင်းလဲမှုခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည် တည်ဆောက်ခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့(အဖွဲ့ဝင်) ဦးတင်ရွှေက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးလွမ်းမိုးထက်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းအား ဆက်လက်ပို့ချခဲ့ရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလွှမ်းမိုးထက်၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်သန်းဦး၊ ဦးစီးအရာရှိ ဒေါ်ထက် သစ္စာအောင်၊  မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးနိုင်၊  ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်မျိုးမျိုးအေးတို့က “ဒေသအဆင့် ရာသီဥတုပြောင်းလဲမှုခံနိုင်ရည်ရှိရေး စွမ်းဆောင် ရည် တည်ဆောက်ခြင်းဆိုင်ရာ” ခေါင်းစဉ်ဖြင့် ပို့ချပေးသွားမည်ရာ အဆိုပါရက်တို သင်တန်းသို့ သင်တန်း သား၊ သင်တန်းသူ (၂၁) ဦးတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း