ကျောက်ဖြူ  အောက်တိုဘာ  ၁၁

           

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၁၈ နှစ်အထက်ရှိသူများအား  ယနေ့ နံနက် ၁၀ နာရီ က အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း ရှိ  စန္ဒကူးခန်းမတွင် အဆိုပါကာကွယ်ဆေးအား ပထမအကြိမ် ထိုးနှံပေးလျက်ရှိသည်။

           

ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်စုရပ်နေရာအသီးသီး၌ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာလ ၁၀ ရက်နေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံပြီးသူ ၁၅၉၀၄ ဦးထိရှိပြီဖြစ်ကာ ကျန်ရှိနေသူများကိုလည်း ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

 

တင်ထွန်းဦး၊ ( ပြန်/ဆက်)