ကျောက်ပန်းတောင်း  ဒီဇင်ဘာ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအဖြစ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြပွဲနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကို ဒီဇင်ဘာ(၂၃)ရက်နေ့ နံနက်()နာရီကအဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမနှင့် ရုံးရှေ့ရှိ မြေစိုက်ဘုတ်တို့တွင် ခင်းကျင်းပြသထားကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများသည်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဓာတ်ပုံပြပွဲအဖြစ်၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး ဆိုင်ရာမှတ်တမ်းဓာတ်ပုံများ၊ ကာကွယ်ဆေးထိုးမှတ်တမ်းဓာတ်ပုံများနှင့် အသိပညာပေး ပိုစတာများ ပါဝင်သည့် ဓာတ်ပုံ ပြပွဲကို ရုံးတွင်းရှိ လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် ခင်းကျင်းပြသထားရာ၊ အမှတ်()အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများ လာရောက်ကြည့်ရှုလေ့လာကြပြီး၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်မြင့် ကေခိုင်က ပြပွဲဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ထို့အပြင် ပြည်သူများလေ့လာကြည့်ရှုနိုင်စေရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်()ရပ်နှင့် ဦးတည်ချက်()ရပ် ဆိုင်ရာ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကို  အဆိုပါ ရုံးရှေ့ရှိ မြေစိုက်ဘုတ်တွင် ပြသထားရှိရာ၊ လမ်းသွား/လမ်းလာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု လေ့လာခဲ့ ကြကြောင်းသိရသည်။

ကိုနေ(ကျောက်ပန်းတောင်း)