ကျောက်ပန်းတောင်း ၁၄ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် Steel Structure အလုပ်ရုံ (၁)ထပ်အဆောက်အဦဆောက်လုပ်ရန်အတွက် ပန္နက်တင်ခြင်းမင်္ဂလာကို၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၉ မိနစ်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Streel Structure အလုပ်ရုံ (၁)ထပ်အဆောက်အဉီ(၁၂၅ ပေ-၈၂ ပေ)ကို၊ ရတီပြည့်လျှံ ဆောက်လုပ်ရေး အင်ဂျင်နီယာများအုပ်စု ကုမ္ပဏီလီမိတက်က ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၂၅၇.၁၁)သန်းဖြင့် တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ပန္နက်တင်မင်္ဂလာပြုလုပ် ရာတွင် တိုင်းဒေသလွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးအေးခိုင်၊ ဦးမျိုးဆွေဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းအောင်နှင့် အစိုရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ပန်းတောင်း)မှကျောင်းအုပ်ကြီး ဒေါက်တာသီတာဆွေ၊ဒုတိယကျောင်း အုပ်ကြီး ဒေါက်တာရီရီမွန်တို့က သတ်မှတ်နေရာ အသီးသီးတွင်နေရာယူကြပြီး၊ မင်္ဂလာအချိန်တွင် ပန္နက်တိုင်များစိုက်ထူပေး ကြပြီး၊ အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် မြို့နယ်အုပ်ချုပ်ရေး မှူးတို့က ကုမ္ပဏီတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သတ်မှတ်အချိန်အတွင်း၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စေတနာရှေ့ထား ၍ ဆောက်လုပ်ပေးရန်နှင့်လိုအပ်သည်များကို ဆက်သွယ်ညှိနှိုင်းဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦး၊မြို့နယ်အုပ် ချုပ်ရေးမှူး ဦးစိုးမင်းအောင်၊ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသီတာဆွေ၊ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါက်တာရီရီမွန် နှင့်ဌာနမှူးများ၊ တာဝန်ယူဆောက်လုပ်မည့် ရတီပြည့်လျှံ ဆောက်လုပ်ရေး အင်ဂျင်နီယာများအုပ်စု ကုမ္ပဏီလီမိတက်မှတာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


