ကျောက်ပန်းတောင်း၊ ၁  ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အရှေ့မြို့ပတ်လမ်း(မြို့ရှောင်လမ်း)တွင် ဇန်နဝါရီ ၁ ရက်  နံနက်(၀၀၃၀)နာရီက မော်တော်ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်မိကြရာ၊ တစ်ဦးမှာ နေရာတွင်ပင်သေဆုံးခဲ့ပြီး၊ နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့ အရှေ့မြို့ပတ်လမ်း(မြို့ရှောင်လမ်း)တွင်  တောင်မှ မြောက်သို့ ဦးထွန်းထွန်း မောင်းနှင်ပြီး နောက်တွင် ကိုမောင်မောင် တို့ လိုက်ပါစီးနင်းလာသော ဆိုင်ကယ်နှင့် အရှေ့ မြို့ပတ်လမ်းအတိုင်း မြောက်မှ တောင်သို့ ကိုဝင်းနိုင် တစ်ဦးတည်း စီးနင်းလာသော ဆိုင်ကယ်တို့ လမ်းမအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့သဖြင့် ဦးထွန်းထွန်းနှင့် ကိုမောင်မောင်တွင်  ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး  တစ်ဦးတည်း စီးမောင်းလာသောကိုဝင်းနိုင်မှာ ရရှိ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူများအား ကျောက်ပန်းတောင်းမြို့မရဲ စခန်းမှ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)