ကျောက်ပန်းတောင်းမြို့ ဘူတာရပ်ကွက်၊ ဘူတာကန်အနီးတွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

ကျောက်ပန်းတောင်း  ၁၄  ဖေဖော်ဝါရီ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဘူတာရပ်ကွက်၊ ဘူတာကန်အနီးတွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ ညနေ ၃ နာရီခွဲက လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘူတာကန်၏အနီးတွင် မီးလောင်နေကြောင်းသတင်းအရ သက်ဆိုင်ရာက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ၊  ဘူတာရပ်ကွက်နေ ဦးဇော်လင်းသည် လျှပ်စစ်ဒယ်နီအိုးဖြင့် ဆိတ်ရိုးဟင်းချက်ပြုတ်ရာမှ အပြင်သို့ ဝက်စာသွားရောက်ယူ နေစဉ်၊  လျှပ်စစ်ဒယ်နီအိုးမှာ အပူလွန်ကဲ၍ လျှပ်စစ်ရှော့ဖြစ်ကာ မီးလောင်ကျွမ်းပြီး ထိုမှတစ်ဆင့် နေအိမ်အား မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဦးဇော်လင်းနေထိုင်သော အိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရာပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်းသိရသည်။

ဖြစ်စဉ်ကြောင့် မီးပေါ့ဆစွာ သုံးဆွဲသူ ဦးဇော်လင်းကို ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)

 

mdn