ကျောက်ပန်းတောင်း ၁၉ မတ်


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်သူများ စားသောက်/ သုံးစွဲရန် မသင့်လျော်သည့် စားသောက်ကုန်ပစ္စည်းများကို၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့်လိုက်လံ ရှာဖွေ သိမ်းဆည်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါ စားသောက်/ သုံးစွဲရန် မသင့်သော ကုန်ပစ္စည်းများကို ယနေ့ နံနက် ၁၀ နာရီက ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။


ကျောက်ပန်းတောင်းမြို့နယ်စားသုံးသူရေးရာ ကာကွယ်ရေးဦးစီးဌာနမှ စားသုံးသူပြည်သူများ အသုံးပြုရန်(သို့မဟုတ်) စားသုံးရန် မသင့်လျော်သည့် အာမခံချက်မရှိသော ကုန်စည်များစစ်ဆေးခြင်း၊ စားသုံးသူတိုင်ကြားမှုကြောင့်် ကုန်စည်အချက်အလက်များအား စစ်ဆေးခြင်း၊ အစရှိသည့်တို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ များပူးပေါင်းပါဝင်လျှက် ဇန်နဝါရီ ၁၀ ရက်မှ မတ်လ ၅ ရက်အထိ မြို့ပေါ်ရှိ စည်ပင်သာယာဈေး၊ တမ္ပဝတီဈေးနှင့် ရပ်ကွက် အသီးသီးရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးသိမ်းဆည်းထားသော စားသောက်/သုံးစွဲရန် မသင့်လျော်သည့် ကုန်ပစ္စည်း အမျိုးအစား(၃၅)မျိုး၊ အရေအတွက်(၃၈၂)ခုတို့အား၊ ကျောက်ပန်းတောင်းမြို့နယ် အင်တောကျေးရွာအနီးရှိ အမှိုက်ကျင်းသို့ သွားရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။


အဆိုပါ စားသောက်/သုံးစွဲရန်မသင့်သော ကုန်ပစ္စည်းများ မီးရှို့ဖျက်စီးရာသို့ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြတ်သန္တာထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ပြန်/ဆက် ဦးစီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


နေအောင်(iprd)