ကျောက်ပန်းတောင်း  ၄  ဒီဇင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ၊လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လာရောက် စာဖတ်လေ့ရှိသည့် ကျောင်းသား ကျောင်းသူများ အသုံးပြုနိုင်ရန်အတွက် ယနေ့ နံနက်၈နာရီခွဲက ကျောက်ပန်းတောင်းမြို့ (New Generation Computer)သင်တန်းကျောင်းမှ သင်ထောက်ကူ ပစ္စည်းများ လာရောက် လှူဒါန်းခဲ့သည်။

 

၀၂

 

အဆိုပါ (New Generation Computer)သင်တန်းကျောင်းပိုင်ရှင် ဒေါ်အေးနန္ဒာဝင်းသည် ကျောက်ပန်းတောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Com munity Centre)ခန်းမသို့ လာရောက်ရာမှ ကျောင်းဆင်းချိန် ကျောင်းသား ကျောင်းသူများနှင့် ကလေးငယ်များ လူထုဗဟိုပြုခန်းမနှင့် ကလေးစာဖတ်ခန်းတွင် ပန်းချီဆွဲနေကြခြင်း၊ စာဖတ်နေခြင်းနှင့် ကစားနေခြင်းများတွေ့ရှိရာမှ ပြည်သူ့စာကြည့်တိုက်လာ ကျောင်းသား ကျောင်းသူများနှင့် ကလေးငယ်များ အသုံးပြုနိုင်ရန်အတွက် ခဲတံများ၊ ရောင်စုံဆေးရောင်ခြယ် ခဲတံများ၊ မြန်မာပြည်မြေပုံကတ် ပြားများ၊ စက်ဝိုင်းခြမ်းများအား စာကြည့်တိုက်လာ ကျောင်းသား ကျောင်းသူများ၊ကလေးငယ်များ အသုံးပြုနိုင်ရန် လာရောက်လှူဒါန်းရာ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်က လက်ခံခဲ့ကြောင်း သိရသည်။

 

၀၆

 

တင်စုစုအောင်(ပြန်/ဆက်)