ကျောက်ပန်းတောင်း  နိုဝင်ဘာ  ၁၇

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တလေး တိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၂)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲ သဝဏ်လွှာကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ဖတ်ကြားခဲ့သည်။

ဆက်လက်၍ (၁၀၂)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲ အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသူများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသည်။

ကိုနေ(ကျောက်ပန်းတောင်း)