mdn

ကျောက်ပန်းတောင်း   ဖေဖော်ဝါရီ   ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် အကြမ်းဖက်အဖွဲ့အစည်းများ၏ လူမှုကွန်ရက်စာမျက်နှာ ပေါ်မှနေ၍ ဖေဖော်ဝါရီ ၁ ရက်တွင် အသံတိတ်သပိတ် (Silence Strike) ပြုလုပ်ရန် လှုံ့ဆော်မှုများရှိသော်လည်း မြို့ပေါ်တွင် ပြည်သူအများ ပုံမှန်သွားလာလျက်ရှိကြသည်။

ကျောက်ပန်းတောင်းမြို့နယ်သည် နယ်မြေကျယ်ဝန်ပြီး၊ ကျေးရွာအုပ်စုနှင့် ကျေးရွာ များပြားသဖြင့် ယခင်ကတည်းက ပင် ကျေးလက်နေ ပြည်သူများနှင့်သာ မြို့ပေါ်တွင် ဈေးရောင်း/ဈေးဝယ် စည်ကားလေ့ရှိသည့်နည်းတူ ဖေဖော်ဝါရီ ၁ ရက်တွင် နယ်မှ ဈေးကားများ အဝင်နည်းသဖြင့် ယခင်ရက်များကဲ့သို့ စည်ကားများပြားခြင်းမရှိသော်လည်း၊ ပြည်သူများမှာ မိမိတို့ လုပ်ငန်းဆောင်တာများကို အသွားအလာမပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)