ကျောက်ပန်းတောင်း၊ စက်တင်ဘာ  ၂၃

           

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဘင်ဂွကျေးရွာ အုပ်စု ဘင်ဂွ ကျေးရွာနှင့် တငါ့ကန်ကျေးရွာအုပ်စု တခါးကြီးကျေးရွာတို့တွင် ကျေးရွာခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက် ဖွံ့ဖြိုးရေး အသိပညာပေး သင်တန်းများကို ဖွင့်လှစ်လျက်ရှိရာ၊ စက်တင်ဘာ(၂၃)ရက်နေ့ နံနက်ပိုင်းက ဘင်ဂွကျေးရွာ ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           

အဆိုပါ သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်တတ်လာခြင်း၊ ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းတတ်လာခြင်းနှင် ကျေးရွာပတ်ဝန်းကျင်ရှိ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့် လှပသာယာရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်တတ်လာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် သင်တန်းကို မွန်လွဲ(၁)နာရီမှ ညနေ(၄)နာရီအထိ တခါးကြီးကျေးရွာ ဓမ္မာရုံတွင် ဆက်လက် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)